“ရုံးလုပ်ငန်းသုံးမြန်မာစာသင်တန်း" အပတ်စဉ်(၂) Online Certificate Course ဝင်ခွင့်အတွက် လိုအပ်သည့်အချက်များ
“ရုံးလုပ်ငန်းသုံး မြန်မာစာသင်တန်း" အပတ်စဉ်(၂) Online Certificate Course သို့ တက်ရောက်နိုင်ရန်အတွက် Certificate သင်တန်း ဝင်ခွင့်လျှောက်လွှာပုံစံကို ကျောင်းသားရေးရာ ဌာနမှ ယူဆောင် ဖြည့်သွင်းပြီး ဘွဲ့လက်မှတ်၊ ၁၀တန်းအောင်လက်မှတ်၊ မှတ်ပုံတင်တို့ကို မူရင်းနှင့် မိတ္တူနှစ်စုံ၊ Passportပုံ (၃)ပုံတို့ကို ကျောင်းသားရေးရာဌာနတွင် တင်ပြ၍ Checked လုပ်ပြီး မော်ကွန်းထိန်းလက်မှတ်နှင့် မြန်မာစာဌာနမှ ဌာနမှူးလက်မှတ်ကိုရယူ၍ ဘဏ္ဍာဌာန(၂)တွင် (Registration Fees, Course Fees) စုစုပေါင်း ၁၀၀၀၀၀ိ/- ကျပ် (တစ်သိန်းကျပ်တိတိ) သွင်း၍ ကျောင်းအပ်ရမည်ဖြစ်ပါသည်။
ကျောင်းအပ်လက်ခံခြင်းကို (၁.၉.၂၀၂၅) ရက်နေ့မှ (၅.၉.၂၀၂၅)အထိ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ သထုံလမ်းတွင်ရှိသည့် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် ရုံးဖွင့်ရက် ရုံးချိန်အတွင်း အပ်နှံနိုင်ပါသည်။
ကျောင်းအပ်ပြီးပါက User name, Password, Roll No နှင့် Website Link အား e-mail ဖြင့် ပြန်လည် ပေးပို့ပါမည်။ ကျောင်းသား/ကျောင်းသူများ Login ဝင်ရောက်ခြင်း အဆင်မပြေမှုများ ရှိခဲ့ပါက ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ကွန်ပျူတာဌာန (IT) ဖုန်းနံပါတ် ၀၁-၂၃၀၅၉၃၈ သို့ ဆက်သွယ်၍ လည်းကောင်း၊ User name, Password ပေးပို့ခဲ့သည့် e-mail သို့ reply ပြန်၍လည်းကောင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။
မြန်မာစာဌာန
ရန်ကုန်အဝေးသင်တက္ကသိုလ်