“ရုံးလုပ်ငန်းသုံးမြန်မာစာသင်တန်း" အပတ်စဉ်(၂) သင်တန်းဖွင့်လှစ်မည့်ရက်ကြေညာခြင်း

“ရုံးလုပ်ငန်းသုံးမြန်မာစာသင်တန်း" အပတ်စဉ်(၂) သင်တန်းဖွင့်လှစ်မည့်ရက်ကြေညာခြင်း

by Dr.Khin Maw Maw Oo -
Number of replies: 0

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့်  မြန်မာစာဌာနမှ ဦးစီး၍ “ရုံးလုပ်ငန်းသုံးမြန်မာစာသင်တန်း" အပတ်စဉ်(၂) Online Certificate Course ကို (၈.၉.၂၀၂၅) မှ (၇.၁၂.၂၀၂၅) အထိ ဖွင့်လှစ်မည် ဖြစ်ပါသည်။

( *** မှတ်ချက် *** (၇.၉.၂၀၂၅) ရက်နေ့၊ နံနက်(၁၀)နာရီတွင် Online အသုံးပြု၍ သင်ခန်းစာလေ့လာနည်း၊ Assignment, Tutorial တင်သွင်းဖြေဆိုနည်းများကို  ပို့ချပေးမည်ဖြစ်သောကြောင့် ZOOM ဖြင့် Face to Face ပထမအကြိမ်ကို တက်ရောက်ရမည်ဖြစ်ပါသည်။)

သင်တန်းမှတ်ပုံတင်ခြင်းကို (၁.၈.၂၀၂၅) မှ (၁.၉.၂၀၂၅) အထိ ပြုလုပ်နိုင်ပြီး registration form ဖြည့်သည့်အခါတွင် မိမိလက်ရှိအသုံးပြုနေသော e-mail address ကို မှန်ကန်စွာဖြည့်သွင်းပေးရန် လိုအပ်ပါသည်။

သင်တန်းအပ်ခြင်းကို (၁.၉.၂၀၂၅) မှ (၅.၉.၂၀၂၅) အထိ ရန်ကုန်မြို့ ၊ ကမာရွတ်မြို့နယ်၊ သထုံလမ်းတွင်ရှိသည့် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ကျောင်းသားရေးရာဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ၊ ကိုယ်စားဖြစ်စေ လာရောက်အပ်နှံနိုင်ပါသည်။